စစ်ကိုင်းမြို့ သီတဂူဆရာတော်ဘုရားကြီး မင်းကွန်းတောင်ရိုးရှိ သံဃာတော်/ သီလရှင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ ကြွရောက်အားပေးတော်မူ

စစ်ကိုင်း ဩဂုတ် ၁၁

စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ဘုရားကြီးသည် ယနေ့ နံနက်ပိုင်းက မင်းကွန်းတောင်ရိုးရှိ သံဃာတော်/ သီလရှင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ ကိုယ်တိုင်ကြွရောက်အားပေးတော်မူခဲ့သည်။

ကာကွယ်ဆေးများထိုးနှံရာတွင် မင်းကွန်း-မိုးမိတ်ကုန်းမြေတိပိဋကနိကာယ ကျောင်းတိုက်၊ ဓမ္မ ပါလဓမ္မာရုံနှင့် ဓမ္မနာဒကျောင်းတိုက်ရှိ တိပိဋကဇီဝိတဒါနသံဃဆေးခန်းများတွင် စုရပ်သုံးနေရာခွဲ၍ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက သံဃာတော်/ သီလရှင်အပါး(၁၃၀၀)ပါးတို့အား တစ်ပြိုင်တည်း ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြကြောင်းသိရသည်။

သီတဂူဆရာတော်ဘုရားကြီးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် ကိုယ်တိုင် ကြွရောက်အားပေးတော်မူသည့်အပြင် သီတဂူအာယုဒါနဆေးရုံတော်ကြီးအား အသုံးပြုဆောင်ရွက်စေခြင်း၊ အာယုဒါနဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအား တာဝန်ပေးစေလွှတ်စေခြင်း၊ ခရိုင်/ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့၏ လိုအပ်သည့်အစီအမံ များကိုလည်း ထောက်ပံ့ပေးအပ်တော်မူခဲ့ကြောင်းသိရသည်။

မင်းကွန်းတောင်ရိုးရှိ သံဃာတော်/ သီလရှင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ သီတဂူဆရာတော်ဘုရားကြီးနှင့်အတူ ခရိုင်/ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများကလည်း လိုက်ပါဖူးမြော်ကြည်ညိုခဲ့ကြပြီး လိုအပ်သည့် အစီအမံများဆောင်ရွက်ပေးခဲ့ကြကြောင် းသိရသည်။

ဇော်မြင့်နိုင်