ခင်ဦး စက်တင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားသော အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ပြည်သူများကို ယမန်ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ နေရာ (၅) နေရာခွဲပြီး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ခင်ဦးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်တွင် မြို့နယ်အတွင်းရှိ အသက် (၆၅)နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် ထိုးနှံပေးခဲ့ရာ လူဦးရေ (၄၉၉၉) ဦး ထိုးနှံပေးခဲ့ပြီး စက်တင်ဘာလ ၂ ရက်နေ့မှ ၅ ရက်နေ့ထိ အသက် (၆၅)နှစ်အထက် ပုဂ္ဂိုလ် (၄၈၆) ဦး၊ ပရဟိတလူမှုရေးအသင်းမှ (၄၁၆) ဦး၊ ဆရာတော်၊ သံဃာတော်၊ သီလရှင်နှင့် ဘာသာရေးကျောင်းမှ (၁၈၄) ဦး၊ နိုင်ငံ့ဝန်ထမ်း (၅၄၇) ဦး၊ ပုဂ္ဂလိကဝန်ထမ်း (၄၉) ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးမှ (၇) ဦး၊ ဈေးသည် (၄၉၀)ဦး စုစုပေါင်း ထိုးနှံပြီးသူ လူဦးရေ (၂၁၇၉) ဦးရှိပြီး ကျန်ရှိသူများကို သတ်မှတ်ရက်အတိုင်း ဆက်လက်ထိုးနှံလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။
စိုးဝေအောင်