လေးမျက်နှာ စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စိန်အောင်မင်းမြစ်ကမ်းတွင် ယမန်နေ့နံနက် (၁၁)နာရီခွဲအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရေပြင်အသက်ကယ်ရှာဖွေ ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ရှာဖွေကယ်ဆယ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို လေးမျက်နှာမြို့နယ် ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲနောင်ဝင်းဦးဆောင်၍ ရှာဖွေကယ်ဆယ်တပ်ဖွဲ့ဝင်များ ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ ၊ လူမူရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရေနစ်သူအား (Speed Board) ယာဉ်ဖြင့် ရှာဖွေကယ်ဆယ်ခြင်းနှင့် ရေနစ်သူအား ရှေးဦးသူနာပြုနည်းဖြင့် အသက်ကယ်ပြုစုခြင်းတို့ကို လက်တွေ့လေ့ကျင့် သရုပ်ပြသခဲ့ကြသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)