ညောင်ဦး စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်တောင်သူများစိုက် ပျိုးထားသည့် ပင်ထောင်မြေပဲခေါ်သုံးလမြေပဲများစတင်နှုတ်သိမ်းနေပြီဖြစ်ရာ အထွက် နှုန်းကောင်းမွန်ခြင်းကြောင့် မြေပဲစိုက်ပျိုးတောင်သူများ မြေပဲတစ်တင်းကျတင်းသုံးဆယ် ထိထွက်ရှိနေကြောင်း ငါ့မင်းမေးကျေးရွာ မြေပဲစိုက်ပျိုးတောင်သူ ဦးမောင်လေးကရှင်းပြ ၍သိရသည်။
ညောင်ဦးမြို့နယ်တွင် သုံးလမြေပဲခေါ်ပင်ထောင်မြေပဲများကို ဇွန်လနှင့်ဇူလိုင်လတို့ တွင် မြေပဲများစတင်စိုက်ပျိုးခဲ့ကြကြောင်း၊ ညောင်ဦးမြို့နအတွင်း ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ ပထမပတ်ထိ မိုးရွာသွန်းမှု ကောင်းမွန်ခဲ့ခြင်းများက မြေပဲကြိုက် မိုးဖြစ်ခဲ့ပြီး မြေပဲများဥဥနှုန်းကောင်းကာ မြေပဲစိုက်ပျိုးတောင်သူများ မြေပဲတစ်တင်း စိုက်ပျိုးတင်းသုံး ဆယ်ကျော်ထွက်သည့် နှစ်တစ်နှစ်ဖြစ်လာကြောင်း ညောင်ဦးမြို့နယ် တွင် မြေပဲတစ်တင်း စိုက်ပျိုး တင်းသုံးဆယ်မထွက်သည်မှာ ဆယ်စုနှစ်တစ်ခုထိ ရှိနေပြီဖြစ်ကာ ယခုနှစ်တွင် သုံးလမြေပဲခေါ်ပင်ထောင်မြေပဲရော၊ ခြောက်လမြေပဲ ခေါ်ပင်ပြန့် မြေပဲများလည်းကောင်း မွန်နေခြင်းကြောင့် မြေပဲစိုက်ပျိုးတောင်သူများ ဥဥအထွက်နှုန်း ကောင်းမွန်ကြကြောင်း သိရသည်။ မြေပဲစိုက်ပျိုးတောင်သူများ မြေပဲသပ်သပ် စိုက်ခင်းများစိုက်ပျိုးကြသလို ပဲစင်းငုံ နှင့်ရောစိုက်ပျိုးကြခြင်းများရှိကာ ပဲစင်းငုံစိုက်ပျိုးခင်းများလည်းကောင်းမွနငါ်ကြကြောင်း အရာတော်ကျေးရွာ ဦးထွန်းသိန်းကပြောကြားသည်။
ညောင်ဦးမြို့နယ်တွင် မြေပဲစတင်စိုက်ပျိုးကြချိန် မြေပဲအဆန်တစ်တင်း ငါးသောင်း ငါးထောင်ကျပ်၊ ထွန်းရှဉ်း ထွန်ယက်ခ တစ်နေကုန် တစ်သောင်းခြောက်ထောင်ကျပ်၊ ထွန် စက်ထွန်ယက်ခ တစ်နာရီ နှစ်သောင်းနှစ်ထောင်ကျပ်၊ မြေပဲဆန်ချစိုက်ပျိုးသမတစ်ဦး သုံးထောင်ကျပ်ပေး စိုက်ပျိုးခဲ့ကြောင်းသိရပြီး သုံးလမြေပဲခေါ်ပင်ထောင်မြေပဲများနှုတ် သိမ်းချိန် အထွက်နှုန်းကောင်းမွန်ခြင်းကြောင့် မြေပဲစိုက်ပျိုးတောင်သူများ မြေပဲဈေးနှုန်း များ လည်းကောင်းရန် မျှော်လင့်နေကြကြောင်း တောင်ဘကျေးရွာဦးကြည်စိုးက ပြောကြား၍ သိရသည်။
ကိုထိန်၊ KPD