ပန်းတောင်းမြို့နယ် မင်းရပ်ရပ်ကွက်တွင် အညှာခိုင်မှုအသင့်အတင့်ရှိသော ရေအနည်းလို စပါးမျိုးများ အကွက်ကျယ် သရုပ်ပြစမ်းသပ်စိုက်ပျိုး

ပန်းတောင်း စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မင်းရပ်ရပ်ကွက်တွင် အညှာခိုင်မှုအသင့်အတင့်ရှိသော ရေအနည်းလို စပါးမျိုးများအကွက်ကျယ် သရုပ်ပြစမ်းသပ်စိုက်ပျိုးခြင်းကို ယမန်နေ့နံက်ပိုင်းက စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါစမ်းသပ်စိုက်ရာတွင် ပန်းတောင်းမြို့နယ် မင်းရပ်ရပ်ကွက်  ကွင်းအမှတ်(88)၊ ဦးပိုင်အမှတ်(67) တောင်သူ ဒေါ်မြသန်း လယ်မြေတွင် ရေဆင်းစိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် အညှာခိုင်မှု အသင့်အတင့်ရှိသော ရေအနည်းလို ​ စပါးမျိုးများ အကွက်ကျယ်သရုပ်ပြစမ်းသပ် စိုက်ကွက် စိုက်ပျိုးခဲ့ကြောင်းသိရသည်။

သင်းသင်းအေး