ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဆေးထိုးနှံမှုများကို အရှိန် အဟုန်မြင့်ဆောင်ရွက်သည့်အနေဖြင့် နေရာလေးနေရာတိုး၍လုပ်ဆောင်လျက်ရှိ

ညောင်ဦး  စက်တင်ဘာ  ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးဒုတိယအကြိမ် ဆေးထိုးနှံခြင်းလုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၇ရက်နေ့တွင် အသက် ၆၅နှစ်အထက်သက်ကြီး အဘိုးအဘွားများ ညောင်ဦးမြို့ အနော်ရထာခန်းမသို့လာရောက်ရာတွင် ခရီးဝေးမှု၊ အဘိုးအဘွားများပင်ပန်းမှုသက်သာစေရန် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် သတ်မှတ်စုရပ်(၇)နေရာအပြင်၊ နောက်ထပ်လေးနေရာ ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ထိုးနှံပေးလျက် ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။

ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုအသက်၆၅နှစ်အထက် ဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းမိသားစုများ သတ်မှတ်စုရပ် ၁၁ နေရာတွင် တာဝန်ရှိသူများ ကတစ်ပြိုင်နက်တည်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းမပြုမီ တာဝန်ရှိသူများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းများ ဆောင်ရွက်ကာ  ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေး ခြင်းဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ် အနော်ရထာခန်းမတွင် သတ်မှတ်နေရာ(၇)နေရာတွင် စီစဉ်ထိုးနှံပေလျက်ရှိရာ၊ မြို့စွန်မြို့ဖျားနေရာများမှ ညောင်ဦးမြို့ပေါ်လာရောက်ထိုးနှံရာတွင် အခက်အခဲ မဖြစ်ပေါ်စေရန်အတွက် စဉ့်ကူနယ်မြေ၊ ငါ့သရောက်နယ်မြေ၊ တောင်ဇင်းနယ်မြေနှင့်ပုဂံနယ်မြေ၊ လေးနေရာထပ်မံ၍ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံမှုအရှိအဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဒုတိယ အကြိမ် ဩဂုတ် ၃၀ရက်နေ့မှ စက်တင်ဘာ ၄ရက်နေ့အထိ ၁၆၀၀ ဦးထိုးနှံပေးနိုင်ခဲ့ပြီး၊ စက်တင်ဘာ ၆ရက်နေ့မှ ၈ရက်နေ့(ယနေ့)အထိ ၁၅၁၂ ဦးထိုးနှံပေးပြီးဖြစ်ရာ စုစုပေါင်း ၃၁၁၂ ဦးထိုးပေးနိုင်ပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံနိုင်ရေး အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရကာ ညောင်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများကဆေးထိုးနှံမှုစနစ်တကျရှိစေရေးဌာနဆိုင်ရာဝန်ထမ်းများ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုအကျိုးပြုပရဟိတအဖွဲ့များကကူညီဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။

ကိုထိန်၊KPD