Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပြင်စလူမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နည်းလမ်းများကိုမိဘပြည်သူများအား အသိပညာပေး ကြေညာခြင်းများ ဆောင်ရွက်
Sep 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်၊ ပြင်စလူ မြို့တွင်လူစည်ကားရာ နေရာများ ဖြစ်သည့် သင်္ဘောဆိပ်နှင့် ရပ်ကွက်များ အတွင်း ကိုဗစ် -၁၉ ရောဂါကာကွယ်ရေး နည်းလမ်း များကိုမိဘပြည်သူများ သိရှိ လိုက်နာဆောင်ရွက်နိုင်ရေးအတွက်အသိပညာပေး ကြေညာ ပေးခြင်းကို ယနေ့ နံနက် (၉)နာရီ အချိန်က ပြင်စလူမြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ ပြန် ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းနှင့် ဝန်ထမ်း များ၊ပြင်စလူမြို့ ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား Sound Box စက်ဖြင့် ယနေ့ နံနက် (၉) နာရီ အချိန်က လိုက်လံအသိပေးနှိုးဆော် ကြေညာ ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်၌ (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း စတုတ္ထမြောက်နေ့ ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား (ဒုတိယအကြိမ် ) ကာကွယ်ဆေးထိုးနှံပေးခြင်း (စတုတ္ထမြောက်နေ့အဖြစ်) ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က တိုက်ကြီးမြို့နယ် အ.ထ.က(မြို့မ)ကျောင်း၌ စုရပ် (၂)နေရာ၊ ဥက္ကံမြို့ ရွှေကံသာခန်းမ ၊ အဖျောက်မြို့ ငွေဥဒေါင်းခန်းမ၊ ဖလုံ ကံကုန်း အ.ထ.က ကျောင်း၊ ဖိုးခေါင် ဓမ္မာရုံ နှင့် တော်လတီ အ.ထ.ကကျောင်း စသည့် စုရပ် (၇) နေရာတို့တွင် လာရောက်ထိုးနှံသူ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား စုစုပေါင်း (၅၈၅)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့၌ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်၊ ကသာခရိုင်အဆင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမ…
Sep 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် ကသာခရိုင်အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအဖွဲ့အစည်းများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကသာမြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အခမဲ့နာရေးကူညီမှုအသင်း(ထောက်ကြံ့)နှင့် စေတနာရှင်အလှူရှင်များပူးပေါင်းမှုဖြင့် အောက်ဆီဂျင် စက်ရုံတည်ဆောက်မှု ၉၀ ရာခိုင်နှုန်းပြီးစီး၍ စတင်စမ်းသပ်ထုတ်လ…
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် အခမဲ့နာရေးကူညီမှုအသင်း(ထောက်ကြံ့) နှင့် စေတနာရှင်အလှူရှင်များပူးပေါင်းဆောင်ရွက်မှုဖြင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်မှု ၉၀ ရာခိုင်နှုန်း ပြီးစီး၍ စတင်စမ်းသပ်ထုတ်လုပ်ပေးလျက်ရှိကြောင်း အခမဲ့နာရေးကူညီမှုအသင်း(ထောက်ကြံ့) ဥက္ကဋ္ဌ ဦးလှမြင့်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား လုပ်ဆောင်နိုင်ရန် လျှောက်လွှာမျာ…
Sep 08,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း မြို့နယ်လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အစီအစဉ်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား လုပ်ဆောင်နိုင်ရန်အတွက် အသက်(၁၀/၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရန်နှင့် ပျောက်ဆုံးပျက်စီးခြင်းအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူပြုလုပ်ပေးရန် လျှောက်ထားနိုင်သည့် လျှောက်လွှာများဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်း ပရဟိအဖွဲ့သို့ ထောက်ပံ့ငွေများနှင့် ကာကွယ်ရေးသုံးပစ္စည်းများပေ…
Sep 08,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် လုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည့် စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့သို့ ယမန်နေ့ နံနက် ၁၀ နာရီက ထောက်ပံ့ငွေများနှင့် ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီအသစ် ပြန်လည်ဖွဲ့စည်း
Sep 08,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း အစည်း အဝေးခန်းမတွင် ယမန်နေ့ ညနေ(၃)နာခွဲအချိန်က မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်နှင့် ကြက်ခြေနီလုပ်ငန်းများတွင် စိတ်ပါဝင်စားသူများ တွေ့ဆုံပြီး ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီအသစ် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး ဝန်ထမ်းများမှ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၁ ရက်နေ့မှစ၍ အမှတ်(၃၅) ရပ်ကွက် ဘုရင့်နောင်လမ်းရှိ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်း၌ ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် သတ်မှတ်ထားသော ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေးများဆက်လက် ထိုးနှံပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25677
Page
25678
Page
25679
Page
25680
Current page
25681
Page
25682
Page
25683
Page
25684
Page
25685
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department