အုတ်တွင်း စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စစ်ဆေးရေးဂိတ်များ၌ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟင်းငုတ်ပင်စစ်ဆေးရေးဂိတ်နှင့် မြို့အထွက်ရှိအထွက်တိုးဂိတ်များ၌ ဖွင့်လှစ်ထားသည့်ကျန်းမာရေးစစ်ဆေးရေးဂိတ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင် ဗိုလ်မှူး မြင့်ဇော်၊ ခေတ္တရဲတပ်ဖွဲမှူးဦးမင်းအောင်နှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း များက သွားရောက်ကြည့်ရှု စစ်ဆေး ကာ ဂိတ်များအတွင်း တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန၊ တာဝန်ကျဝန်ထမ်းများနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်းသို့ Stay at Home ဒေသ များမှဝင်ရောက်လာသည့် မော်တော်ယာဉ်များစီးနင်းလိုက် ပါကြသည့် ခရီးသည်များအားကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် အညီအထူး ဂရုပြုစစ်ဆေးဆောင်ရွက်စေလိုကြောင်း ၊ဒေသခံပြည်သူများ အနေဖြင့် နေအိမ်ပြင်ပထွက်ခွာခွင့်ကတ်ပြားပါရှိမှသာ သွားလာခွင့်ပြုရန် ပြောကြားကာ ဒေသခံပြည်သူများအား ပညာပေးကာလပြီးဆုံး၍ အရေးယူဆောင်ရွက်မှုများကို သြဂုတ်လ၂၈ရက်နေ့မှ စတင်၍ ယနေ့ထိ အထူးကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ