တောင်ငူ စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို စက်တင်ဘာလ ၆ ရက်နေ့က ကျန်းမာရေးဒေသန္တရဆေးခန်းနှင့် (၂၀) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက် ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ကာကွယ်ဆေး ၊ အသက် (၂) နှစ် အောက် ကလေးများအား အဆုတ်ရောဂါ ကာကွယ် ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင် အသားဝါ၊ ဦးနှောက် အမြှေးရောင်၊နမိုးနီးယား ကာကွယ်ဆေး၊ ပိုလီယို သောက်ဆေးနှင့်ထိုး ဆေး၊ ဝမ်း ရောဂါကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးသည်။
အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မြို့နယ်အတွင်းရှိ အသက် (၂)နှစ် အောက် ကလေးများနှင့် ကိုယ်ဝန် ဆောင် မိခင်များအား ဩဂုတ် (၅) ရက်နေ့မှ စ၍ ဩဂုတ် (၈) ရက်နေ့အထိ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို ဒေသန္တရဆေးခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဆောင်ရွက် ပေးသွားရာ ကိုယ်ဝန်ဆောင်မိခင် (၅၀) ဦး၊ အသက် ၂ နှစ်အောက် ကလေးငယ် (၄၈၁) ဦးအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထိုးနှံရန် ကျန်ရှိသူများအတွက် အပတ်စဉ် အင်္ဂါနှင့် ကြာသာပတေးနေ့ရက်များတွင် ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
ဇော်ထက် (ခရိုင် ပြန်/ဆက်)