ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် လူဦးရေ (၂၈၇၃) ဦးထိုးနှံပြီးဖြစ်

ထီးချိုင့် စက်တင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံထားသော အသက်(၆၅) နှစ်အထက်နှင့် သက်ကြီး ဘိုးဘွားများနှင့် ပြည်သူများကို စက်တင်ဘာလ (၄) ရက်နေ့ နံနက်(၉)နာရီမှ စတင်ကာ ထီးချိုင့်မြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ သခင်မြမောင်ခန်းမနှင့် ရွှေရတုကျောင်းဆောင်တို့တွင် အဖွဲ့(၂) ဖွဲ့ခွဲကာ ထိုးနှံပေးလျက်ရှိကြောင်း သိရပါသည်။

ထီးချိုင့်မြို့နယ်တွင် စက်တင်ဘာလ (၄)ရက်နေ့မှစတင်၍ တရုတ်နိုင်ငံထုတ်(Sinopharm)  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ရဟန်းသံဃာများ၊  အသက်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊  အသက်(၁၈)နှစ် အထက်ပြည်သူ (၂၈၇၃)ဦးတို့ကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများ၊ ရဲမှူးပြေဦးနှင့် တပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးချမ်းမြေ့နိုင်၊ ဒေါ်နွယ်နွယ်ထွန်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲလင်းထွန်း (ထီးချိုင့်)