လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (ဇာထိုး၊ပန်းထိုး) သင်တန်းဖွင့်ပွဲပြုလုပ်

လေးမျက်နှာ  စက်တင်ဘာ   ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု(ဇာထိုး၊ပန်းထိုး) သင်တန်းဖွင့်ပွဲပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများစေရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (ဇာထိုး၊ပန်းထိုး) သင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်ဦးမှ အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဟင်္သာတခရိုင် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သက်ရှည်နှင့်မြို့နယ်ကျေးလက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးစိုးကျော်သူမှ ယခုသင်တန်းသည် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းဖြစ်ကြောင်း ကျေးရွာများ အရောက် သင်တန်းများ သွားရောက်ဖွင့်လှစ်နိုင်ရန်ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု(ဇာထိုး၊ပန်းထိုး) သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။  

အဆိုပါသင်တန်းကို (၈.၉.၂၀၂၁)ရက်နေ့မှ (၂၇.၉.၂၀၂၁)ရက်နေ့အထိ(၂၀)ရက်ကြာ ဖွင့်လှစ် သင်ကြားမှာဖြစ်ပြီး သင်တန်းဆရာဒေါ်ခင်မျိုးမြတ်မှ လက်တွေ့သင်ကြားပို့ချကာ မြို့နယ်အတွင်းမှ စိတ်ပါဝင်စားသူ(၃၀)ယောက်တက်ရောက်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ သင်တန်းတက်ရောက်သူများ တက်ရောက်ခဲ့သည်။

ဝေဝေ(လေးမျက်နှာ)