Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရပ်စောက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်
Sep 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ရပ်စောက်မြို့ပေါ် ရပ်ကွက်များအတွင်း၌ ယနေ့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအီမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည် ပြုလူနာ(၁)ဦး သေဆုံးခဲ့ရာ ယနေ့ထိ သေဆုံးလူနာ(၄)ဦးထိရှိပြီဖြစ်
Sep 15,2021
ရခိုင်ပြည်နယ် သံတွဲခရိုင် မအီမြို့၊ ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာတွင် ဆေးကုသမှု ခံယူလျက်ရှိသော ကိုဗစ်-၁၉ လူနာ(၁)ဦး ဆီးချို၊ သွေးတိုး၊နှလုံး စသည့် ရောဂါအခံကြောင့် ယနေ့ နံနက် ၅ နာရီက သေဆုံးခဲ့ကြောင်း မအီတိုက်နယ် ဆရာဝန် ဒေါက်တာမင်းနိုင်ကျော် ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး
Sep 15,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ နာတာရှည်နှင့်မကူး စက်နိုင်သောရောဂါရှိသူများ ၊ အသက် ၅၅ နှစ်မှ ၆၄ နှစ်ကြားအသက်ကြီးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ယခင် ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း မရှိသူများကို စက်တင်ဘာ ၁၅ ရက်နံနက် ၉ နာရီမှစတင်၍ ဥတ္တသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ပြည့်နှစ် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးသီးနှံဧကများအတွက် အဌမအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ
Sep 15,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် နတ်မောက်မြို့နယ် အတွင်းရှိ ၂၀၂၀ပြည့်နှစ်သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် စပါး၊ နှမ်း၊ မြေပဲ၊ နွားစာပြောင်းများအနက် မိုးနှမ်း (၁၅၁၉.၅၁)ဧက ၊မြေပဲ (၅.၇၉)ဧက၊ စပါး(၁)ဧက အတွက် တောင်သူဦးရေ (၁၀၆၇၉)ဦးအား အဌမအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၈ ဦး ထပ်မံစစ်ဆေးတွေ့ရှိ၊ ရောဂါအတည်ပြု လူနာပေါင်း ၁၅၀ ဦးထိရှိလာပြီဖြစ်
Sep 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင်ယမန်နေ့ည ပိုင်းအချိန်က တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ဓာတ်ခွဲခန်း၏အဖြေအရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၈ ဦး ထပ်မံစစ် ဆေးတွေ့ရှိခဲ့ပြီး အတည်ပြုလူနာပေါင်း ၁၅၀ ဦးထိရှိလာပြီဖြစ် ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆားလင်းကြီးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခဲ့သော အသက် (၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအပါအဝင် ပြည်သူများအား ယနေ့နံနက် ၈နာရီအချိန်ကစတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ OSSခန်းမတွင် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့ ဘန်းကွန်ကျောင်းတိုက်ရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RTD Test-Kit ဖြင့် စစ်ဆေးပေး
Sep 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တောင်ရပ်ကွက်၊ ဘန်းကွန် ဘုန်းကြီးကျောင်းရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် RTD Test-Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက် ပေးခြင်းကို ယနေ့နေ့လယ် ၁ နာရီခွဲအချိန်က အဆိုပါ ကျောင်းတိုက်တွင် ဆောင်ရွက်ပေး ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အရေးပေါ်လူနာများ မော်တော်ယာဉ်/အောက်ဆီဂျင်လိုအပ်ပါ က(အခမဲ့)ကူညီပေးမှု နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရ…
Sep 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူ များ ကျန်းမာရေးအတွက် အရေးပေါ်လူနာများ မော်တော်ယာဉ်/ အောက်ဆီဂျင် လိုအပ်ပါက(အခမဲ့)ကူညီပေးမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ လမ်းဆုံလမ်းမများတွင် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25568
Page
25569
Page
25570
Page
25571
Current page
25572
Page
25573
Page
25574
Page
25575
Page
25576
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department