ကျုံပျော် စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ၊ ယနေ့တွင်လည်း အသက်(၅၅) နှစ်နှင့်အထက်ပြည်သူ (၁၀၀၀) ဦးကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ ခြင်းများဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံရာတွင် လူဦးရေထူထပ်သော မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်မှ အသက် (၅၅)နှစ်မှ (၆၄)နှစ်အတွင်း ပြည်သူများကို ဦးစားပေးအဖြစ် အောင်ဆန်းရပ်ကွက်ရှိ ဧရာမင်းခန်းမ၌ ဆေးထိုးစုရပ်ပြုလုပ်ကာ စတင်ထိုးနှံပေးလျက်ရှိပြီး ၊ နံနက် ၉ နာရီမှ ၁၂ အထိ ထိုးနှံဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆေးထိုးနှံမှုစနစ်တကျရှိစေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် တာဝန်ရှိသူများကလည်း ကွင်းဆင်းကြည့်ရှု၍ အားပေးကူညီမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ကျုံပျော်တွင် ယခင်ရက်များကလည်း အသက်(၆၅) နှစ်နှင့်အထက် ရဟန်းသံဃာ၊ ဘိုးဘွားနှင့် ပြည်သူ (၁၄၆၀၀) ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပြီးစီး ထားပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်