နမ့်စန်တွင် ရတနာပုံ ၅ပါးကျောင်း နှင့် ဒီပင်္ကရာကျောင်းတိုက်ရှိသံဃာတော်များအား ကိုဗစ်၁၉ရောဂါ ပိုးရှိမရှိ အခမဲ့ကွင်းဆင်းစစ်ဆေးပေး

နမ့်စန်()     စက်တင်ဘာ  ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များသို့ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါရှိ/မရှိ စစ်ဆေးပေးလျက်ရှိရာ ယနေ့နံနက် ၈နာရီတွင် အမှတ်()ရပ်ကွက်ရှိ ရတနာပုံ ၅ပါး ကျောင်းနှင့်ဒီပင်္ကရာကျောင်းတိုက်ရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ကို RDT Test Kit ဖြင့် အခမဲ့ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင် နှင့် ကျန်းမာရေးဝန်ထမ်းများက အဆိုပါ စာသင်တိုက်ရှိ သံဃာတော်၊ ရှင်သာမဏေ ၂၃ပါးနှင့် ဝေရာဝစ္စဆောင်ရွက်သူ ၆ ဦး၊ စုစုပေါင်း ၂၉ ဦးကို ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ရာ သံဃာတော်၊ ရှင်သာမဏေ ၁၀ ပါးနှင့် ဝေရာဝစ္စဆောင်ရွက်သူ ၆ ဦး ထံတွင်  ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။

မြို့နယ်မှတာဝန်ရှိသူများက အဆိုပါကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူ ၁၆ ဦးကို ပြည်သူ့ဆေးရုံရှိ သံဃာဆောင် နှင့် ရတနာပုံ ၅ပါးကျောင်းရှိ သီးသန့်ဆောင်တို့တွင် ထားရှိ ကုသပေး လျက်ရှိပြီး အဆိုပါပိုးတွေ့လူနာများနှင့် ထိတွေ့မှုရှိခဲ့သူများကို ၁၄ရက် အသွားအလာ ကန့်သတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။