အင်္ဂပူမြို့နယ်တွင် အသက် ၅၅ နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးအားထိုးနှံ ရေးလှည့်လည်အသိပေးကြေညာ

အင်္ဂပူ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊အ င်္ဂပူမြို့နယ်တွင် ယနေ့ နံနက်၉နာရီအချိန်ခန့်က အသက် ၅၅ နှစ်အထက်ပြည်သူများအား ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံရေး လှည့်လည်အသိပေးကြေညာခဲ့သည်။

ထိုသို့ လှည့်လည်နှိုးဆော်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှကာကွယ် ဆေးမထိုးနှံရသေးသည့် အသက် ၅၅ နှစ် အထက်သက်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံကြရန်အသံချဲ့စက်ဖြင့်မြို့နယ် အတွင်းလှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။

မန်းကျော်-အင်္ဂပူ(ပြန်/ဆက်)