မိုင်းဖြတ် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ပေးအပ်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသည့် အသက်(၂) နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် ထောက်ပံ့ပေးအပ်သည့် မိခင်နှင့် ကလေး ဦးရေအလိုက် ရရှိသည့် ထောက်ပံ့ငွေများကို ရှင်းလင်းဖတ်ကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်ထွန်းတို့က ကိုယ်ဝန်ဆောင်မိခင် (၃၅၄)ဦးနှင့် ၎င်းတို့မှမွေးဖွာသည့် အသက်(၂)နှစ်အောက် ကလေးငယ် (၂၉၆)ဦးအတွက် ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများသည် ၂၀၂၀ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများ အတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး တစ်ဦးလျှင်(၁)လကို တစ်သောင်းငါးထောင်ကျပ်ဖြင့် သုံးလစာအတွက် လေးသောင်းငါးထောင်ကျပ်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း ကိုယ်ဝန် ဆောင် မိခင်(၃၅၄)ဦးနှင့် ကလေးငယ် (၂၉၆)ဦး စုစုပေါင်း(၆၅၀)ဦးအတွက် ထောက်ပံ့ပေးခြင်း ဖြစ်သထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့် တာဝန်ရှိသူများမှတဆင့် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး