ကျိုင်းတုံ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံပေးမည်ဖြစ်ကြောင်း မိဘပြည်သူများအား အသိပေးကြေညာခြင်းကို ယမန်နေ့ ညနေ ၆ နာရီက အသံချဲ့စက်ဖြင့် ရပ်ကွက်၊ ကျေးရွာများအတွင်း တာဝန်ရှိသူများက လိုက်လံကြေညာ ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်အတွင်း လွယ်မွေ၊ ကတ်ဖ၊ ယန်းခ၊ မိုင်းခွန်၊ ကတ်တောင် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဆေးထိုးစုရပ်နေရာများတွင် ဩဂုတ်လက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံပြီးသူများအား စက်တင်ဘာ ၁၅ ရက်၊ နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိ သက်ဆိုင်ရာ စုရပ်နေရာများတွင် ဒုတိယ အကြိမ် ထိုးနှံပေးသွားဖြစ်ကြောင်းနှင့် ပထမအကြိမ် ဆေးထိုးနှံပြီးသည့် ကတ်ပြား(လက်မှတ်)၊ မိမိမှတ်ပုံတင်အား မပျက်ကွက် ယူဆောင်လာရန် အသိပေးကြေညာခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်