ဟိုပုံး စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တောင်ရပ်ကွက်၊ ဘန်းကွန် ဘုန်းကြီးကျောင်းရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် RTD Test-Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက် ပေးခြင်းကို ယနေ့နေ့လယ် ၁ နာရီခွဲအချိန်က အဆိုပါ ကျောင်းတိုက်တွင် ဆောင်ရွက်ပေး ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဉီးဆန်းထွန်း ကြီးကြပ်ဆောင်ရွက်၍ ဟိုပုံးမြို့ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများက အဖွဲ့နှစ်ဖွဲ့ခွဲကာ သံဃာတော် (၁၁၄) ပါးနှင့် ဝေယျာဝစ္စဆောင်ရွက်သူ (၂၈) ဦးတို့အား RTD Test-Kit ဖြင့်ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။
မအိ