မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အ​ရေး​ပေါ်လူနာများ​ မော်​တော်ယာဉ်/အောက်ဆီဂျင်လိုအပ်ပါ က(အခမဲ့)ကူညီပေးမှု နှင့် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ရေးနည်းလမ်းများ အသိ​ပေးနှိုး​ဆော်

မင်္ဂလာဒုံ စက်တင်ဘာ ၁၅

ရန်ကုန်တိုင်း​ဒေသကြီး​၊ ​မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် လတ်တ​လောဖြစ်ပွား​နေသည့် ကိုဗစ်-၁၉​ရောဂါ​ကြောင့် ပြည်သူ များ ကျန်းမာ​ရေးအတွက် အ​ရေး​ပေါ်လူနာများ​ မော်​တော်ယာဉ်/ အောက်ဆီဂျင် လိုအပ်ပါက(အခမဲ့)ကူညီပေးမှုနှင့် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ရေးနည်းလမ်းများ အသိ​ပေးနှိုး​ဆော်ခြင်းကို ယ​နေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ လမ်းဆုံလမ်းမများတွင် အသိ​ပေးနှိုး​ဆော်ခဲ့​ကြောင်း သိရသည်။

မြို့နယ် ကြက်​ခြေနီ သူနာပြုတပ်ဖွဲ့အနေဖြင့် ကမ္ဘာ့ကြက်ခြေနီအသင်းကြီးမှ ချမှတ်ထားသည့် အ​ခြေခံမူ (၇)ရပ်ကို ဦးထိပ် ပန်ဆင်ပြီး လူသားအားလုံးကို ကျန်းမာ​ရေး​ကြောင့် အ​ရေး​ပေါ်လိုလာပါက ကူညီရန် လူနာတင်ယာဉ်များ၊ ​အောက်ဆီဂျင်အိုးကြီး များအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်အောင် သူနာပြုတပ်ဖွဲ့ဝင်များကို (၂၄) နာရီ တာဝန်ချပြီး ဆောင်ရွက်လျက်ရှိ​ကြောင်း၊​​ မြို့နယ်ကြက်​ခြေနီသူနာပြု​တပ်ဖွဲ့မှူး ဦး​အေးသွင် ဖုန်းနံပါတ် ၀၉-၄၂၀၀၈၄၃၇၅ ကို ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်းနှင့် ဖုန်းဆက်သွယ်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးတွင် ပြည်သူများ ပူးပေါင်းပါဝင်ကြရန်၊ မိမိတို့နေအိမ်အတွင်းမှာသာ နေထိုင်ပေးကြရန်၊ ဧည့်သည်လက်ခံခြင်း မပြုရန်၊ မိမိတို့အနေဖြင့်လည်း တခြားအိမ်များ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အပြင်ထွက်ချိန်တိုင်း Mask ကို စနစ်တကျ တပ်ဆင်ကြရန်၊ တစ်ခုခုကိုင်ပြီးတိုင်း လက်ကို စက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ လူစုလူဝေးနှင့် ဈေးဝယ်ထွက်ခြင်းများ ရှောင်ကြဉ် ရန်၊ မိမိတွင် ကိုဗစ်-၁၉ ရောဂါ လက္ခဏာ များ ပြသလာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်ပြသကြရန်တို့ကို အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

မျိုးသန့်(မင်္ဂလာဒုံ)