ဆားလင်းကြီးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိ  

ဆားလင်းကြီး စက်တင်ဘာ  ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခဲ့သော အသက် (၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအပါအဝင် ပြည်သူများအား ယနေ့နံနက် ၈နာရီအချိန်ကစတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ OSSခန်းမတွင် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

 

ဆားလင်းကြီးမြို့နယ်အတွင်း ဩဂုတ်လအတွင်းက ပထမအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခဲ့သူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဦးစားပေးအုပ်စုများအလိုက် အသက်(၆၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွား(၁၈၅၈)ဦး၊ ရဟန်သံဃာတော်များနှင့်သီလရှင် (၂၀၄)ဦး၊  နိုင်ငံဝန်ထမ်း(၁၂၀)ဦး၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံဝန်ထမ်း(၄၇၄)ဦး၊  ပရဟိတစေတနာ့ ဝန်ထမ်း Volunteer(၆၂၇)ဦး၊ အကျဉ်းသား/အချုပ်သား(၁၀)ဦး၊ Super Marketနှင့်စျေးများမှ အများပြည်သူ(၃၆၄)ဦး စုစုပေါင်း (၃၆၅၇)ဦးတို့အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

 

ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကာကွယ်ဆေး မထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ် ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက် များနှင့် အညီ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းကို နှင့်အဖွဲ့ဝင်များနှင့် မြို့နယ်ဆရာဝန်ကြီးတို့က ကြီးကြပ် ဆောင်ရွက် လျက်ရှိပြီး မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့်  စေတနာ့ဝန်ထမ်း Volunteerများက ဝိုင်းဝန်းကူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

ဥမ္မာခိုင်