တောင်ငူ စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်(ခွဲ)မှ တွင် ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရန် ပင်စင်လစာများ ထုတ်ပေးခြင်းကို ကေတုရတနာခန်းမ၌ ယနေ့ နံနက်ပိုင်းက စတင်၍ အလှည့်ကျ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပင်စင် လစာငွေများကို စက်တင်ဘာလ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၂၃ ရက်နေ့အထိ သတ်မှတ်ကာ ကေတုရတနာခန်းမတွင် ထုတ်နှံပေးသွားမည်ဖြစ်ပြီး လာရောက်ထုတ်ယူရာတွင် အဆင်ပြေ ချောမွေ့စေရေး အငြိမ်းစားဝန်ထမ်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်စည်း (Mask)ကို စနစ်တကျ တပ်ဆင်လာခြင်း၊ အသက်ကြီးသူများကို ဦးစားပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ကြိုတင်မေတ္တာရပ်ခံ ပန်ကြားထားကြောင်း ၊ ထို့ပြင် ဘဏ်ဖွင့်ရက်များတွင်လည်း ပင်စင်လစာငွေများကို ဆက်လက်ထုတ်နှံပေးသွားမည်ဖြစ်ကြောင်း တောင်ငူခရိုင် ဘဏ်မန်နေဂျာထံမှ သိရှိရသည်။
ဇော်ထက်