ပင်လောင်းမြို့နယ်တွင် ယမန်နေ့ က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလာရောက် ထိုးနှံသူ ၃၃၀ ဦးရှိ

 

ပင်လောင်း စက်တင်ဘာ  ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်တွင်မြို့ပေါ် ရပ်ကွက် ၅ ရပ်ကွက်မှ အသက်၅၅ နှစ်မှ ၆၄ နှစ် ကြားမိဘပြည်သူများနှင့် ဦးစားပေးအုပ်စုများအလိုက်ပါ၀င်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (တတိယအသုတ်) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉နာရီက စတင်၍ ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမတွင် ဆက်လက် ထိုးနှံပေးလျက်ရှိရာပြည်သူ ၃၃၀ ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၉ ရက်ကလည်း မြို့ပေါ် ရပ်ကွက် ၅ ရပ်ကွက်မှအသက် ၅၅နှစ်မှ ၆၄ နှစ်ကြားမိဘပြည်သူများနှင့် ဦးစားပေး အုပ်စုများအလိုက်ပါ၀င်သူ ၂၄၉ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်သဖြင့် မြို့ပေါ် ရပ်ကွက် ၁၀ ရပ်ကွက် အတွင်းရှိ မိဘပြည်သူ စုစုပေါင်း ၅၇၉ ဦးအား ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် နောင်တရားမြို့နှင့် ပေါင်းလောင်းမြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ပင်လောင်း)