အမြို့မြို့အနယ်နယ်သတင်းများ

Aug 19,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား အဆင်ပြေအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့် မဲရုံများတိုးချဲ့ ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ် ကျင်းပခဲ့ကြောင်း သိရှိရသည်။
Aug 19,2020
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သောအကောင် အထည်ဖော်ဆောင်ရွက်နေ့သည့် ကော့လှကျေးရွာ၌ ရေမြောင်း အုတ်စီခြင်းနှင့် လမ်းပခုံးကွန်ကရစ် ခင်းခြင်းဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့ နေ့လယ်ပိုင်းက လိုက်လံ ကွင်းဆင်း စစ်ဆေးခဲ့သည်။
Aug 19,2020
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲစာရင်းစိစစ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Aug 19,2020
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ အင်းတောကျေးရွာအုပ်စု၊ အုန်းတောကျေးရွာအတွင်းရှိ ဒေသခံ တောင်သူများသည် ဖူးစားပြောင်းကို နွေ၊ မိုး၊ ဆောင်း သုံးရာသီ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကာ ယခုနှစ်တွင် ပြောင်းဖူးဈေးနှုန်းများ ယခင်နှစ်ကထက် ဈေးပိုရောင်းရသဖြင့် ဖူးစားပြောင်းစိုက်ပျိုးတောင်သူများ စီးပွားရေး တွက်ခြေကိုက်၍ လုပ်ငန်းအဆင်ပြေလျက် ရှိနေကြကြောင်း ပေါက်မြို့နယ် အင်းတောကျေးရွာအုပ်စု၊ အုန်းတော ကျေးရွာမှ ဒေသခံ တောင်သူများထံမှ သိရသည်။
Aug 19,2020
ကျောက်တန်းမြို့ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု အကျိုးတော်ဆောင်အဖွဲ့(CVD)နှင့် ကျောက်တန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အဘိုးအဘွားများအား အထွေထွေကျန်းမာရေးစောင့်ရှောက်မှုများကို ရန်ကုန် တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက် ၇ နာရီမှ စတင်ကာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ နွယ်ပါတ်ကျေးရွာ ဘုရားရှစ်ခိုးကျောင်းခန်းမတွင် ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ (VRFP) ကျေးရွာမတည် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။