ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ဇလွန်  သြဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးအတွင်း သွေးလွန်တုပ်ကွေး  ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ် နှင့် အဘိတ်ဆေးခတ်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးအတွင်းတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားစေသော ခြင်များ မပေါက်ဖွားနိုင်စေရေးအတွက် အသိပညာပေးခြင်း၊ ရေကန်များ၊ ကျောက်စည်များ၊ ရေအိုးများအတွင်း အဘိတ်ဆေးခပ်ပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံ (ဇလွန်)