မုဒုံ သြဂုတ် ၁၉
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သောအကောင် အထည်ဖော်ဆောင်ရွက်နေ့သည့် ကော့လှကျေးရွာ၌ ရေမြောင်း အုတ်စီခြင်းနှင့် လမ်းပခုံးကွန်ကရစ် ခင်းခြင်းဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့ နေ့လယ်ပိုင်းက လိုက်လံ ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှခရိုင်ဦးစီးမှူး ဦးအေးနိုင်၊ မြို့နယ်ဦးစီးမှူး ဦးဗညားနှင့်ဝန်ထမ်းများ၊ ကျေးရွာကော်မတီအဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများက ရေမြောင်း၏ အရှည်၊အကျယ်၊ အနက်တို့ကို တိုင်းတာပြီးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ရေမြောင်းအုတ်စီခြင်း (၇၆၆ပေ××၂ပေ××၂ပေ)လမ်း ပခုံးကွန် ကရစ်ခင်းခြင်း(၄၅၀ပေ××၂ပေ×၅လက်မ)ဆောင်ရွက်သွားမည် ဖြစ်ကာလုပ်ငန်း၏ဆောင်ရွက်မှု ၄၀ရာခိုင်းနှုန်းပြီးစီးကြောင်း မြို့နယ်ကျေးလက်ဒေဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှသိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)