ပုသိမ်မြို့နယ် နွယ်ပတ်ကျေးရွာနှင့် ရွာဟောင်းကြီး ကျေးရွာများသို့ (VRFP) ကျေးရွာ မ,တည် စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်

ပုသိမ်    သြဂုတ်  ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ နွယ်ပါတ်ကျေးရွာ ဘုရားရှစ်ခိုးကျောင်းခန်းမတွင် ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VRFP) ကျေးရွာမတည် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

Cash For Work စီမံကိန်နှင့် (VRFP)ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကို မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းက  ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် လုပ်ငန်းများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဌေးနိုင်က ရန်ပုံငွေပေးအပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူများက မိုးကုတ်ကျေးရွာအုပ်စု နွယ်ပါတ်ကျေးရွာနေ ပြည်သူ(၄၇)ဦးတို့အား စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေးနှင့်အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် (VRFP)ကျေးရွာ မ,တည်ရန်ပုံငွေအတွက် သိန်း(၃၀၀) ကို လွှဲပြောင်းပေးအပ်ရာ ကျေးရွာနေပြည်သူများက လက်ခံရယူခဲ့ကြသည်။

အလားတူ ရွာဟောင်းကြီးကျေးရွာအုပ်စု စမ်းတောင်ကြီးကျေးရွာနေ ပြည်သူ(၃၀)ဦးတို့အား (VRFP)ကျေးရွာ မ,တည်ရန်ပုံငွေ ကျပ်သိန်း (၂၀၀) တို့ကိုလည်း သွားရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြင့်ဟန်