ကျောက်တန်း ဩဂုတ် ၁၉
ကျောက်တန်းမြို့ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု အကျိုးတော်ဆောင်အဖွဲ့(CVD)နှင့် ကျောက်တန်းမြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ အဘိုးအဘွားများအား အထွေထွေ ကျန်းမာရေး စောင့်ရှောက်မှုများကို ရန်ကုန် တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက် ၇ နာရီမှ စတင်ကာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများတွင် ကျောက်တန်းမြို့နယ်အတွင်းမှ အဘိုး(၇၆)ဦးနှင့် အဘွား( ၁၂၀) ဦး စုစုပေါင်း(၁၉၆)ဦးအား ကိုယ်အလေးချိန် စစ်ဆေးပေးခြင်း၊ ဆံသခေါင်းညှပ်ပေးခြင်း၊ သွေးပေါင်တိုင်းခြင်း၊ ဆီးချိုသွေးချို စစ်ဆေးပေးခြင်း၊ ခြေသည်း လက်သည်း များ ညှပ်ပေးခြင်းနှင့် လိုအပ်သည့် ဆေးထိုးဆေးတိုက်မှုများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ခင်ဆွေဝင်း(ကျောက်တန်း)