မြို့သစ် သြဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ Covid - 19 ၏ စီးပွားရေးအပေါ် ထိခိုက်မှု သက်သာစေရေးစီမံချက် (CERP)အရ ဖွင့်လှစ်သော ကျွဲ၊ နွားမွေးမြူရေး သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ထန်းတပင်ကျေးရွာအုပ်စု ၊ လယ်ပြင်စုကျေးရွာ ရွာဦးဘုန်းတော် ကြီးကျောင်း (ဓမ္မာရုံ)၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
“သင်တန်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော ့မှန်ကန်တိကျတဲ့ တိရစ္ဆာန်မွေးမြူရေး နည်းလမ်းများ ဖြန့်ဝေပေးနိုင်ရန် ၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများအား ကိုဗစ်-၁၉ထိခိုက်မှုများမှ ကြံ့ကြံ့ခံ နိုင်စေရေးပံ့ပိုးပေးရန်၊ ပြည်သူများကို ဘေးကင်းပြီး အာဟာရပြည့်ဝသည့် အသားများ စဉ်ဆက်မပြတ် ပံ့ပိုးပေးနိုင်ရန်၊ ပညာပေး သင်တန်းများမှ တဆင့် မွေးမြူရေး လုပ်ငန်းများ ပြန်လည်ထူထောင်လာနိုင်ပြီး မွေးမြူရေး လုပ်ကိုင်သူများနှင့် ပြည်ပမှပြန်လာသည့် လုပ်သားများကို မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ပါတယ်”ဟု မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာသန်းသန်းအေး က ပြောကြားသည်။
ထို့နောက် သင်တန်းတွင် ကျွဲ၊ နွားမျိုးများ မွေးမြူမည့်ခြံနေရာရွေးချယ်ခြင်း၊ ခြံဆောက်လုပ်ခြင်း၊ မျိုးစပ်ခြင်းနှင့် မျိုးပွားခြင်းဆိုင်ရာ အချက်အလက်များ ၊ ကျွဲ ၊ နွား သားဖွားခြင်း ၊ ကျွဲ ၊ နွားက လေးပြုစု စောင့်ရှောက်ခြင်း ၊ အစာရေစာကျွေးခြင်း၊ ကျွဲ၊နွားများတွင် ဖြစ်ပွားတတ်သော ရောဂါများနှင့် ကာကွယ်ဆေးထိုးခြင်းများ စသည့် သင်ခန်းများကို မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမြငြိမ်းချမ်းက သင်တန်း ပို့ချပေးခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းကို သင်တန်းသား(၂၀)ဦး နှုန်းဖြင့် သြဂုတ်လ(၁၈)ရက်မှ(၂၀)ရက်နေ့အထိ (၃)ရက်ကြာ သင်တန်းဖွင့်လှစ်ပို့ချ ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)