ပေါက်ခေါင်းမြို့၌ မဲစာရင်းစိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပေါက်ခေါင်း  ဩဂုတ်  ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲစာရင်းစိစစ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းမြင့်က အဖွင့်ဆွေးနွေး ပြောကြားရာတွင် ပေါက်ခေါင်း မြို့နယ်တွင် မဲစာရင်းစိစစ်ရေးကော်မတီကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ ပထမအကြိမ် မဲစာရင်းများကို ကပ်ထား ကြေညာ ထားပြီးဖြစ်ရာ ပုံစံ ၃၊ ပုံစံ ၄၊ ပုံစံ ၄(ဂ)တို့ကို ရပ်ကျေးကော်မရှင်အဖွဲ့ခွဲမှ ပြုလုပ်ပေးရပြီး မြို့နယ်ကော်မရှင်မှ စစ်ဆေးမှုများ ပြုလုပ်ပေးရမှာဖြစ်ကြောင်းနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များ လမ်းညွှန်စာအုပ်ပါ အချက်အလက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ် လဝကဦးစီးမှူး ဦးမြင့်စိုးက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ် ပေးနိုင်မှု အခြေအနေ များကို ရှင်းလင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာသော ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှလည်း သိရှိလိုသည်များကို မေးမြန်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)