အမြို့မြို့အနယ်နယ်သတင်းများ

Aug 20,2020
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှ ပုံစံ(၃)၊ပုံစံ(၄)၊ပုံစံ(၄-ဂ)ဖြင့်လျှောက်ထားသူများအား ဩဂုတ်လ(၁၅)ရက် နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ မဲစာရင်းထည့်သွင်းခြင်း၊ပယ်ဖျက်ခြင်း၊ပြင်ဆင်ခြင်းလုပ်ငန်းများကိုဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Aug 20,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ အသက် ၉ နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးများအား သားအိမ် ခေါင်းကင်ဆာ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကလေးငယ်များအတွက် ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်းအစီအစဉ်တွင်သားအိမ် ခေါင်းကင်ဆာကာကွယ်ဆေး Human Papilloma Virus (HPV) ဆေးထိုးနှံပေးမည်ဖြစ် ကြောင်းသိရသည်။
Aug 20,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း ၊ မြို့နယ် ဖွံ့ဖြိုး ရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်နှင့် ကော်မတီဝင်များအဖွဲ့သည် ဩဂုတ် ၁၈ ရက် ၊ ညနေ ၃ နာရီက ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် RC နှစ်ထပ် စံပြကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား သတ်မှတ်စံ ချိန်စံ ညွှန်းများနှင့် အညီ လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ကျိုးလွန်းကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ယမန်နေ့ နံနက်(၁၀)နာရီမှ ညနေ (၄)နာရီခွဲ အချိန်အထိ နိုင်ငံသား စိစစ်ဆေးရေး ကတ်ပြား မရှိသေးသည့် ပြည်သူများအတွက် နမ့်ပါမန်းကျေးရွာ၊ ဓမ္မာရုံ၌ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
Aug 20,2020
မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းကစတင်၍ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 20,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် ပညာရေး ကောလိပ်နှင့်(၁၀)မြို့နယ်ဆောင်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့် ဝင်ရောက်လာသောနေရပ်ပြန်ကျား(၇၃)ဦးနှင့်မ(၆၅)ဦး စုစုပေါင်း(၁၃၈)ဦး ရောက်ရှိလာရာ တာဝန်ရှိ သူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင် များသို့ နေရာချထား ပေးကြောင်း သိရသည်။
Aug 20,2020
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်ရှိ ဆည်များအတွင်း ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစွာစားသုံးနိုင်ရန်နှင့် ငါးမျိုးပြုန်းတီးမှုမရှိစေရန်ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ခြင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို မြို့သာဆည်၌ ကျင်းပခဲ့ကြောင်းသိရသည်။