ပွင့်ဖြူ ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း ၊ မြို့နယ် ဖွံ့ဖြိုး ရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်နှင့် ကော်မတီဝင်များအဖွဲ့သည် ဩဂုတ် ၁၈ ရက် ၊ ညနေ ၃ နာရီက ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် RC နှစ်ထပ် စံပြကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား သတ်မှတ်စံ ချိန်စံ ညွှန်းများနှင့် အညီ လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ အဖွဲ့ သည် ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ၊ ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၆၅၂ ဒသမ ၃၀၁၄ သန်းဖြင့် မကွေးမြို့ အောင်ပဒေသာ ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ၍ အလျား ၁၆၈ ပေ ၊ အနံ ၁၈၄ ပေရှိ RCနှစ်ထပ် စံပြကျောင်း ဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်း (၇၅)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား လုပ်ငန်း အရည်အသွေး ပြည့်မီမှု ရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် တာဝန်ယူတည်ဆောက်သည့် အောင်ပဒေသာဆောက်လုပ်ရေးကုမ္ပဏီများမှ တာဝန်ခံ အင်ဂျင်နီယာက ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်းများနှင့် စပ်လျဉ်း ပြီး အချိန်မီပြီးစီးရေး ပစ္စည်းစုဆောင်းထားရှိမှုအခြေအနေများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ တာဝန်ရှိ သူများက ဆက်လက် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများအပေါ် အချိန်မီပြီးစီးရေးနှင့် အရေးအသွေးပြည့် မီရေး ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။
ရဲဝင်းနိုင် (ညောင်ဦး)