ကျိုင်းလွန်းကျေးရွာအုပ်စုအတွင်း ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

ကာလိ  သြဂုတ် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ကျိုးလွန်းကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ယမန်နေ့ နံနက်(၁၀)နာရီမှ  ညနေ (၄)နာရီခွဲ အချိန်အထိ  နိုင်ငံသား စိစစ်ဆေးရေး ကတ်ပြား မရှိသေးသည့် ပြည်သူများအတွက် နမ့်ပါမန်းကျေးရွာ၊ ဓမ္မာရုံ၌ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်ဦး၊ ကွန်ဟိန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဌေးနိုင်၊ ကာလိမြို့ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးမင်းဦးနှင့် ဝန်ထမ်းများ၊ ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာအုပ်စုစာရေးနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ကျိုင်းလွန်းကျေးရွာအုပ်စု အတွင်းရှိ အသက်(၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသေးသည့် ပြည်သူများအား ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် မရှုံးဆုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)