အမြို့မြို့အနယ်နယ်သတင်းများ

Aug 27,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲ အချိန်က မင်းဘူးမြို့ မြောက်လှည်းကောက် အဝိုင်း ပတ်နှင့် ခရိုင်ပြည်သူ့အားကစားကွင်းရှေ့တို့တွင် အရှိန်အဟုန်မြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Aug 27,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်​မြို့နယ်တွင် ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် ကိုဗစ်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Aug 27,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြည်သူများ ဈေးဝယ်ယူ၊ ရောင်းချနေစဉ်ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုများ ဖြစ်ပွားမှု မရှိစေရေးအတွက် ယနေ့ နံနက်(၉)နာရီအချိန်က မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 27,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ် နိုင်စေရန် အတွက် အသိပညာပေးခြင်း နှိုးဆော်ချက်များအား မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လှည့်လည် ကြေညာပေးခြင်း များကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင် များက ဆောင်ရွက်ပေး လျက်ရှိသည်။
Aug 27,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ မိုးစပါးစိုက်ပျိုးရာသီအတွက် မျိုးစေ့ထုတ်တောင်သူများအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သော တောင်သူများအား မျိုးစေ့နှင့် စိုက်ပျိုးစရိတ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ညောင်ပင်ကြီး နည်းပညာပေးစင်တာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 27,2020
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေ ကျပ်သိန်း ၄၈၀ ဖြင့် ရေနံချောင်းမြို့ အိုးဘို-စည်ပင်သာ ချောင်းကူးတံတားသစ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
Aug 27,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)များတပ်ဆင်ရေး လှုပ်ရှားမှု
Aug 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး ကွင်းဆင်း၍ အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့သည်။