မင်းလှမြို့နယ်၌ ပထမအကြိမ်ကပ်ထား ကြေညာထားသည့်မဲဆန္ဒရှင်စာရင်းများမှပုံစံ(၃)၊(၄)၊(၄-ဂ)ဖြင့်လျှောက် ထားသူများ အား စတင်ပြင်ဆင်ပေး

အထက်မင်းလှ     ဩဂုတ် ၂၀

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှ ပုံစံ(၃)၊ပုံစံ(၄)၊ပုံစံ(၄-ဂ)ဖြင့်လျှောက်ထားသူများအား ဩဂုတ်လ(၁၅)ရက် နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ မဲစာရင်းထည့်သွင်းခြင်း၊ပယ်ဖျက်ခြင်း၊ပြင်ဆင်ခြင်းလုပ်ငန်းများကိုဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့လုပ်ငန်းများဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများမှတင်ပြလျှောက်ထားလာသည့် မဲစာရင်း ထည့်ပေးရန်ပုံစံ(၃)ဖြင့် လျှောက်ထားလာသူ(၁၃၇၅)ဦး၊ မဲစာရင်းတွင်မပါသင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့်လာရောက် ကန့်ကွက် သူ (၁၅၆၁)ဦး၊မဲစာရင်းစပ်လျဉ်းသည့်ပြင်ဆင်လွှာပုံစံ(၄-ဂ)ဖြင့်လျှောက်ထားသူ(၁၁၉၈)ဦးရှိကြောင်းသိရသည်။

အဆိုပါ  မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဩဂုတ်လ(၁၅)ရက်န့မှ(၃၀)ရက်န့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက်  ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းမင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးမှသိရသည်။

ဇာဇာ(အထက်မင်းလှ)