မင်းလှမြို့နယ်၌ အသက် ၉ နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေးထိုးနှံပေးမည်

အထက်မင်းလှ  ဩဂုတ် ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ အသက် ၉ နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးများအား သားအိမ် ခေါင်းကင်ဆာ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကလေးငယ်များအတွက် ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်းအစီအစဉ်တွင်သားအိမ် ခေါင်းကင်ဆာကာကွယ်ဆေး Human   Papilloma  Virus (HPV) ဆေးထိုးနှံပေးမည်ဖြစ် ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ၂၀၁၀ပြည့်နှစ် ၊စက်တင်ဘာလမှ ၂၀၁၁ခုနှစ်ဩဂုတ်လအတွင်းမွေးဖွားသည့် အသက် ၉နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးငယ်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီး ဌာန  တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ၂၀၂၀ပြည့်နှစ်၊စက်တင်ဘာလမှစတင်၍ပုံမှန်ကာကွယ်ဆေးထိုးစီအစဉ်တွင်(၁၃)မျိုးမြောက်ကာကွယ်ဆေးအဖြစ်စတင်ထည့်သွင်းထိုးနှံပေးမည်ဖြစ်သည်။

မင်းလှမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံမည့်အမျိုးသမီးငယ်စုစုပါင်း (၉၄၅) ဦးရှိကြောင်းမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ဇာဇာ(အထက်မင်းလှ)