မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်

မန္တလေး ဩဂုတ် ၂၀

မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းကစတင်၍ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုလဲငွေရောင်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းကို၏ကြီးကြပ်မှုဖြင့် ရာအိမ်မှူးများက ရပ်ကွက်အတွင်းရှိနေအိမ်များသို့ တစ်အိမ်တက်ဆင်းသွားရောက်ကြပြီး မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှု ရှိ၊မရှိ မိဘပြည်သူများအား တိုက်ဆိုင်စစ်ဆေးကြည့်ရှုစေခဲ့ပြီး မှန်ကန်မှုမရှိခဲ့ပါက အချိန်မီ ပြင်ဆင်ဆောင်ရွက်နိုင်စေရန် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)