အမြို့မြို့အနယ်နယ်သတင်းများ

Sep 09,2020
ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင်  အသုံးပြုနိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော နှာခေါင်းစည်း(Mask) ၊ Hand Gelနှင့် မျက်နှာကာများကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီက ပေးအပ်ခဲ့ ကြောင်း သိရသည်။
Sep 09,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာလိုက်နာဆောင်ရွက်ရမည့်အချက်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 09,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းနှင့် အဖွဲ့ဝင်များသည် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အားကစားခန်းမတွင် ဖွင့်လှစ် ထားရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး Facility Quarantine Centre သို့ သွားရောက်၍ စောင်ကြည့်ခံရသူများကို အားပေးစကားများ ပြောကြားကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ပစ္စည်းဖြစ်သည့် Mask ၁၅၀ ခု၊ Face shield ၁၅ ခု ရန်ကုန်-ပြည်လမ်းမရှိ ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေးရေးဂိတ်သို့ Mask ၁၅၀ ခု။ Faces hield ၁၅ ခု မြို့နယ် အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများအတွက် Faces hield ၅၀နှင့် သဒ္ဓမ္မဇောတိကာရုံ စာသင်တိုက်သို့ Mask ၂၅၀ခု၊ Faces hield ၅ခုတို့အား အသီးသီးသွားရောက် လှူဒါန်းခဲ့ကြောင်း သိရ သည်။
Sep 09,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အတွက် ကိုင်ဆောင် လက်မှတ်မရှိသေးသူများအား  ရပ်ကွက်များအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ  ယမန်နေ့နံနက်ပိုင်း အချိန်တွင် ကန်တော်ကလေး ( အရှေ့ပိုင်း)  ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Sep 09,2020
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်ရည်ရွယ်၍ ရန်ကုန် အနောက်ပိုင်း ခရိုင်၊စမ်းချောင်းမြို့နယ်၊ လင်းလွန်း(တောင်)ရပ်ကွက်နှင့်ကျွန်းတော (တောင်) ရပ်ကွက်
Sep 09,2020
မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့် အတူပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပက်ပြဲကျေးရွာအုပ်စုအတွင်းရှိ ကျုံလှကျေးရွာ၊ စခန်းချောင်းကျေးရွာ၊ ပက်ပြဲကျေးရွာ၊ ချင်းစုကျေးရွာနှင့် ဦတိုကျေးရွာနှင့် ကျီးချောင်းကျေးရွာတို့အတွင်း ကိုဗစ်-၁၉ ကူးစက်မှု မဖြစ်ပွားစေရန်အတွက် အပြင်ထွက်ပါက နှာခေါင်းစည်း Mask များ တပ်ဆင်နိုင်ပါရန်၊ လက်ကို မကြာခဏ ဆေးကြရန်၊ မလိုအပ်ဘဲ အပြင်မထွက်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များကို အများပြည်သူတို့ သိရှိလိုက်နာနိုင်စေရန် ကွင်းဆင်းလှည့်လှည်၍ Hand Speaker၊ Loud Speaker များဖြင့် အသိပညာပေးလုပ်ဆောင်မှုများ ဆောင်ရွက်ခဲ့သည်။
Sep 09,2020
ရှမ်ပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စုရှိ မိုးစပါး မျိုးစေ့ထုတ် စိုက်ကွင်းများအတွင်း ပိုးမွှားများ ကျရောက်မှု ရှိ၊မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ကျောက်တလုံးကြီးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးနှင့် ဝန်ထမ်းများ က ယမန်နေ့က သွားရောက် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။