အမြို့မြို့အနယ်နယ်သတင်းများ

Aug 28,2020
ကယားပြည်နည်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြိုတွင်းသန့်ရှင်းသာယာလှပစေရန်နှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က မြို့နယ်ခန်းမဆောင်နှင့် မြို့နယ်တိုင်းရင်းဆေးရုံ တို့တွင် ဆောင်ရွက်ခဲ့သည်။
Aug 28,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် မိုးစပါးဧက (၅၂၈၁၆) ဧက စိုက်ပျိုးသွားမည်ဖြစ်ရာ အဆိုပါ စိုက်ပျိုးဧကများမှ ဧရာမင်းမိုးစပါးစိုက်ဧက (၃၈၁၀၆) ဧက ပါဝင်ကြောင်း သိရသည်။
Aug 28,2020
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပ သွားလာသူများ မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ဆင်သွားလာစေရန် ယမန်နေ့ နံနက်ပိုင်းက ပြည်တော်သာလမ်းမကြီးပေါ်တွင် အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိသည်။
Aug 28,2020
ရန်ကုန်တောင်ပိုင်းခရိုင် ၊ ခရမ်းမြို့နယ်၌ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီက ခရမ်းမြို့ လူစည်ကားရာ နေရာများဖြစ်သော ကားဂိတ်များ၊ ဆိုက်ကားဂိတ်များနှင့် ဈေးအဝင်/အထွက် အပေါက်နေရာများ ၊ မြို့အတွင်းသို့ ဝင်ရောက်သည့် လမ်းစုံများတွင် အဖွဲ့(၅)ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 28,2020
သာပေါင်းမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ လိုက်နာကြစေရန်နှင့် အပြင်ထွက်တိုင်း Mask တပ်ဆင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့ နံနက် ၈ နာရီအချိန်က စတင်၍ ပြည်သူများ သွားလာစည်ကားရာ ကားဂိတ်များ၊ ဈေး၊ ဆိပ်ကမ်းများ၊ မြို့ အ၀င်/ အထွက် နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
Aug 28,2020
နယ်စပ်ဒေသတွင် အခြေခံမဲဆန္ဒရှင်စာရင်း တိကျမှန်ကန်မှုရှိစေရေးနှင့် အသက်(၁၈)နှစ်ပြည့် ဒေသခံပြည်သူတိုင်း မဲပေးပိုင်ခွင့် ရှိစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်နှင့် ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲဝင်များပူးပေါင်းကာ ဩဂုတ်လ (၂၆) ရက်နေ့မှ စတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ တစ်အိမ်တက်ဆင်းစနစ်ဖြင့် အိမ်ထောင်စုစာရင်းနှင့် မဲစာရင်းများကို တိုက်ဆိုင် စစ်ဆေးခဲ့ကြသည်။