မကွေးမြို့တွင် ကိုဗစ် -၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင် သွားလာမှု မရှိစေရေး အရှိန်အဟုန်မြင့်ဆောင်ရွက်

မကွေး ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပ သွားလာ သူများ မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ဆင်သွားလာစေရန် ယမန်နေ့ နံနက်ပိုင်းက ပြည်တော်သာလမ်းမကြီးပေါ်တွင် အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က လမ်းသွားလမ်းလာ ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်သွားကြရန်နှင့် အပြင်သို့သွားလာပါက မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးပြီး Mask တပ်ဆင်ခြင်း မရှိသူများကို ချက်ချင်းဝယ်ချက်ချင်းတပ်စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဦးထွန်း(ပြန်/ဆက်)