ရှားတော သြဂုတ် ၂၈
ကယားပြည်နည်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြိုတွင်းသန့်ရှင်းသာယာလှပစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က မြို့နယ် ခန်းမဆောင်နှင့် မြို့နယ်တိုင်းရင်းဆေးရုံ တို့တွင် ဆောင်ရွက်ခဲ့သည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် တပ်ရင်းတပ်ဖွဲ့တို့ စုပေါင်းပြီး မြို့နယ် ခန်းမဆောင်နှင့် မြို့နယ်တိုင်းရင်းဆေးရုံ ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များ၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းကို နံနက်(၇) နာရီမှ (၈)နာရီအထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)