သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်​ ထိန်းချုပ်ရေး အသိပညာပေး လှုပ်ရှားမှုများ​ အရှိန်အဟုန်မြှင့် ဆောင်ရွက်

သာပေါင်း သြဂုတ် ၂၈

သာပေါင်းမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ လိုက်နာကြစေရန်နှင့် အပြင်ထွက်တိုင်း Mask တပ်ဆင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့ နံနက် နာရီအချိန်က စတင်၍ ပြည်သူများ သွားလာစည်ကားရာ ကားဂိတ်များ၊ ဈေး၊ ဆိပ်ကမ်းများ၊ မြို့ အ၀င်/ အထွက် နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ World Vision(Myanmar) ENRICH စီမံချက်နှင့် Area Programတို့ ပူးပေါင်း၍ အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ mask များ၊ လက်ဆေးဆပ်ပြာ၊ လက်သန့်ဆေးရေ ဝေငှခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း (ပြန်/ဆက်)