မြို့သစ် ဩဂုတ် ၂၈
မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်နိုင်စေရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (Mask)များတပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း ကို ယနေ့နံနက်က ယာယီပျံကျစျေးနှင့် စည်ပင်သာယာစျေးလမ်း၊ မြို့အဝင်ဂိတ်တို့တွင် ကွင်းဆင်းစစ်ဆေးခဲ့ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး ပြီး Mask တပ်ဆင်ခြင်း မရှိသည့် ပြည်သူများကို Mask တစ်ခုလျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် ဒဏ်ကြေး သတ်မှက်ကာ ချက်ချင်းဝယ်ယူ တပ်ဆင်စေပြီး ပြည်သူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် အသိပညာပေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
သန်းဝင်းထွန်း ( ပြန်ဆက်)