မန့်ဟီးရိုး ဩဂုတ် ၂၈
နယ်စပ်ဒေသတွင် အခြေခံမဲဆန္ဒရှင်စာရင်း တိကျမှန်ကန်မှုရှိစေရေးနှင့် အသက်(၁၈)နှစ်ပြည့် ဒေသခံပြည်သူတိုင်း မဲပေးပိုင်ခွင့် ရှိစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်နှင့် ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲဝင်များ ပူးပေါင်းကာ ဩဂုတ်လ (၂၆) ရက်နေ့မှ စတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ တစ်အိမ်တက် ဆင်းစနစ်ဖြင့် အိမ်ထောင်စုစာရင်းနှင့် မဲစာရင်းများကို တိုက်ဆိုင် စစ်ဆေးခဲ့ ကြသည်။
မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မဲဆန္ဒရှင်စာရင်းများ မှန်ကန်တိကျမှု ရှိ/မရှိကို ၂၆-၈-၂၀၂၀ ရက်နေ့မှ ၁၅-၉-၂၀၂၀ ရက်နေ့ထိ ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရ သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရင်း အသက်(၁၈)နှစ်ပြည့်သူတိုင်း မဲစာရင်းတွင် ပါဝင်မှု ရှိ/မရှိ စစ်ဆေးပြီး ပါဝင်ခြင်းမရှိပါက သတ်မှတ်ပုံစံများဖြင့် ဖြည့်စွက်ဆောင်ရွက်ပေးခြင်း၊ ဖြည့်စွက်ရမည့်ပုံစံများကို နားလည် သဘောပေါက်အောင် ရှင်းပြခြင်းများ ကိုလည်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
စန္ဒာ(ပြန်/ဆက်)