အမြို့မြို့အနယ်နယ်သတင်းများ

Aug 20,2020
ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက် ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် Cash For work စီမံကိန်းကို ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကျေးရွာပေါင်း (၇) ရွာ၌ စီမံကိန်းလုပ် ငန်းပေါင်း (၁၃) ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေး/လက်ဦးစီးဌာနမှ သိရသည်။
Aug 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလုပ်ငန်း အသေးစိတ်စီမံချက်ရေးဆွဲခြင်းအတွက် ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီချိန်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
Aug 20,2020
ဘီးလင်းမြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ကန်သာယာရပ်ကွက် နီလာဈေးအတွင်း ရောင်းချလျက်ရှိသော အစားအသောက်များ ၊ဆေးဝါးများနှင့်အလှကုန်ပစ္စည်းများတွင် ပြည်သူများစားသုံးရန်နှင့်သုံးစွဲရန်မသင့်သည့် တားမြစ်ပစ္စည်းများ ရောင်းချနေခြင်း ရှိ၊မရှိကို သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
Aug 20,2020
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 20,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ဆိုင်ရာ သိကောင်းစရာများကို ပြည်သူအများ လေ့လာသိရှိနိုင်ရန် ယမန်နေ့နေ့လည် ၂ နာရီက ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရွေးကောက်ပွဲ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Aug 20,2020
ကျိုက်ထိုမြို့နယ်တွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ဒုတိယဖြစ်ပွားမှု အများဆုံးရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကြိုတင် ကာကွယ်နိုင်ရန်အတွက် (HPV ) ကာကွယ်ဆေးထိုးနှံခြင်းကို အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။