ဖျာပုံ ဩဂုတ် ၂၀
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆိုင်ရာ သိကောင်းစရာများကို ပြည်သူအများ လေ့လာသိရှိနိုင်ရန် ယမန်နေ့နေ့လည် ၂ နာရီက ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရွေးကောက်ပွဲ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
လက်ကမ်းစာစောင်တွင် မဲဆန္ဒရှင်စာရင်းများ ကြေညာချက်ကို ပြည်သူအများ သိရှိနိုင်ရန်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန်အတွက် မဲစာရင်း လာကြည့်သည့် ပြည်သူများအနေဖြင့် မဲစာရင်းကြည့်ရှုရာတွင် အမည်မပါလျှင် ပုံစံ (၃)ဖြင့် လည်းကောင်း၊ မဲစာရင်းတွင် မပါဝင်သင့် သူပါဝင်နေပါက ပုံစံ(၄)ဖြင့် လည်းကောင်း၊ အချက်အလက် မှားယွင်းနေပါက ပုံစံ(၈) ဖြင့်လည်းကောင်း ဖြည့်စွက်လျှောက်ထားနိုင်ရန် စသည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းများ ပါဝင်ကြောင်း သိရသည်။
ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ပိုစတာနှင့် လက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုတို့တွင် ပြသထားနိုင်ရေးနှင့် ဖြန့်ဝေနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာကော်မရှင် အဖွဲ့ခွဲများထံသို့ ဖြန့်ဝေပေးပို့လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်ဘုတ်များတွင် အသိပညာပေး ပြသထားကြောင်း သိရှိရသည်။
လှလှနွယ်(ခရိုင်ပြန်ဆက်)