ရေတာရှည်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရေတာရှည် သြဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်က မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တွင် ပါဝင်သည့် ဌာနဆိုင်ရာများ အနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးစေ လို ကြောင်း တိုက်တွန်းပြောကြားပြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေးနှင့် ပတ်သက်၍ လုပ်ငန်းကိစ္စရပ်များ ကို ညှိနှိုင်းဆွေးနွေးခဲ့သည်။

ရေတာရှည်မြို့ နယ်အတွင်း ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၁၄ ရက်ထိ ပထမအကြိမ်အဖြစ် ကပ်ထားကြေညာ သည့် မဲဆန္ဒရှင်စာရင်းများကို လာရောက် ကြည့်ရှုသူ ၂၈၉၇၇ ဦး ရှိပြီး ပုံစံ (၃)တောင်းဆိုသူ ၁၉၄၇ ဦး၊ ပုံစံ (၃-က) တောင်းဆိုသူ ၁၇၈ ဦး၊ ပုံစံ (၄-ဂ)ပြင်ဆင်သူ ၉၁၆ ဦး၊ ပုံစံ (၄) ကန့်ကွက်လွှာတင်သွင်းသူ ၇၈၀ ဦး ရှိကြောင်း သိရသည်။

ဆု (ပြန်/ဆက်)