လဟယ် သြဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလုပ်ငန်း အသေးစိတ်စီမံချက်ရေးဆွဲခြင်းအတွက် ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီချိန်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သက်ဇင်အောင်က အဖွင့် အမှာစကား ပြောကြားပြီး ကျန်းမာရေး ကြီးကြပ်-၁ ဦးအာကာမိုးက ဆွေးနွေးပွဲ ကျင်းပရခြင်း အား ဖြည့်စွက်ရှင်းလင်းပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲကို (၄) ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ပြီး ပထမသုတ်အနေဖြင့် (၅၀) ဦးကို ဩဂုတ်လ ၂၀ ရက်နေ့မှ ၂၁ ရကနေ့အထိ ဒုတိယအသုတ် (၅၀) ဦးကို (၂၂)ရက်မှ (၂၃) ရက်ထိ ဆွေးနွေး ကျင်းပသွားမည်ဖြစ်ပြီး ၎င်းဆွေးနွေးပွဲတွင် ကျန်းမားရေးဌာန(၇)ဦး၊ ကျန်းမားရေး ဌာနခွဲ(၃၀)ဦးမှ ကျန်းမာရေးမှူးများ၊ ကျန်းမာရေးဆရာမများ၊ ကျန်းမာရေးကြီးကြပ်-၁ ဆရာ/မများ၊ သားဖွားဆရာမများနှင့် ကျန်းမာရေးကြီးကြပ်-၂ ဆရာ/မများ စုစုပေါင်း (၁၀၂) ဦး တက်ရောက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
ပါမင်းလှိုင်(ပြန်/ဆက်)