ဘီးလင်း ဩဂုတ် ၂၀
ဘီးလင်းမြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ကန်သာယာရပ်ကွက် နီလာဈေးအတွင်း ရောင်းချလျက်ရှိသော အစားအသောက်များ ၊ဆေးဝါးများနှင့်အလှကုန်ပစ္စည်းများတွင် ပြည်သူများစားသုံးရန်နှင့်သုံးစွဲရန်မသင့်သည့် တားမြစ် ပစ္စည်းများ ရောင်းချနေခြင်း ရှိ၊မရှိကို သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် စားသောက်ဆိုင် ၂၁ ဆိုင်၊ဆေးဆိုင် ၅ ဆိုင် နှင့် အလှကုန်ဆိုင် ၁၀ ဆိုင်တို့အား စစ်ဆေးခဲ့ရာ တားမြစ်အလှကုန် ၈ မျိုးတို့အား သိမ်းဆည်းခဲ့ပြီး အစားအသောက် ၉မျိုးတို့အား ဓာတု ဆိုးဆေးများ ပါဝင်မှုရှိ၊မရှိကို ရွှေ့လျားဓါတ်ခွဲ စမ်းသပ်ယာဉ်ဖြင့် စစ်ဆေးခဲ့ရာ ဓာတုဆိုးဆေးများပါဝင်မှုမရှိ ကြောင်း သိရသည်။
ထူးနောင်(ပြန်/ဆက်)