အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယ​နေ့နံနက် ၉ နာရီအချိန်က လှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်းလမ်း၊ သိပ္ပံပစ္စည်းစက်ရုံ၀န်းရှိ ကိုဗစ် ၁၉ ကုသရေးစင်တာ၌ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ အသက် ၁၂ အထက် ကျောင်းသား/သူများနှင့်​​ ပြည်သူများအား ကိုဗစ် ၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ​ကြောင်းသိရသည်။
Nov 16,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ် (၃)ရပ်ကွက် သစ္စာလမ်း အတွင်း၌ လှည့်လည်ပြီး ဟန်းစပီကာဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
Nov 16,2021
နိုင်ငံတော်အစိုးရက ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့်အခွင့်အလမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိလာစေရေးအတွက် ယနေ့တွင် ကမာရွတ်မြို့နယ် အတွင်းရှိ အသက် ၁၂ နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Nov 16,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အဖွဲ့ဝင်များနှင့် WomanClub အဖွဲ့တို့ ပူးပေါင်း၍ စာပေဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ(၁)နာရီ အချိန်တွင် ရွှေပြည်သာမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ ကျင်းပခဲ့သည်၊၊
Nov 16,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) မှ ဥက္ကဋ္ဌ ဦးဝမ်းဇော်ဦးက စာရေးဆရာအောင်သင်း ရေးသားသည့် "စာရိတ္တမာန" စာအုပ်ဖြင့် ယမန်နေ့ မွန်းတည့်(၁၂)နာရီက စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ သည်။
Nov 16,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပြီး နိုဝင်ဘာလ(၁၄) ရက်နေ့က ကျွဲကူးကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
Nov 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ်အထက် အသက်အရွယ်ရှိ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်အတွင်း စုရပ်ငါးနေရာ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဒုတိယအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံကြသူ ၁၁၁၀ ဦးရှိရာ ကာကွယ်ဆေးထိုး နှံပြီးသူ ၂၂၆၅၀ ဦးရှိ ကြောင်း သိရသည်။
Nov 16,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကူးစက် ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအရောက် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခြင်း များ ဆောင်ရွက်ခဲ့သည်။