မင်္ဂလာဒုံ နိုဝင်ဘာ ၁၆
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) မှ ဥက္ကဋ္ဌ ဦးဝမ်းဇော်ဦးက စာရေးဆရာအောင်သင်း ရေးသားသည့် "စာရိတ္တမာန" စာအုပ်ဖြင့် ယမန်နေ့ မွန်းတည့်(၁၂)နာရီက စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်သန္တာမြင့်မြင့်ကျော်က ယခုအချိန်သည် ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းလာပြီ ဖြစ်သည့် အတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက်များကို ပြန်လည်ဖွင့်လှစ်ပြီဖြစ်၍ စာပေချစ်သူအသင်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် စာဖတ်ဝိုင်းများကိုလည်း ယနေ့ပြန်လည် ကျင်းပခြင်းဖြစ်သည်၊၊ ယခုလို ပူးပေါင်းဆောင်ရွက် ပေးစေလိုပါကြောင်း ရှင်လင်းပြောကြားခဲ့သည်။ ထို့နောက် မင်္ဂလာဒုံမြို့နယ် Book Club ဥက္ကဋ္ဌ ဦးဝမ်းဇော်ဦး စာပေချစ်သူအဖွဲ့ဝင် ဦးသိန်းဖေတို့မှ ကိုယ်ကျင့်တရား ကောင်းမွန်ကြောင်းကို သိခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ စာပေချစ်သူအဖွဲ့ဝင် ဦးသိန်းဖေမှ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးပြီး ဦးဝမ်းဇော်ဦးဆွေးနွေးသည့် အကြောင်းအရာများကို BooK Club အဖွဲ့ဝင် များမှ အပြန်အလှန် အသီးသီးဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
မျိုးသန့်(မင်္ဂလာဒုံ)